မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်များရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ  -

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်များရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက အဆိုပါမြို့နယ်များရှိ နယ်မြေခံ တပ်နယ်ခန်းမများ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက မိုင်းခတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ သွားတိုက်ဆေး/သွားတိုက်တံ ၇၅ စုံ၊ ကြက်ဥ ၄၅၀ လုံး၊ ဆီသွပ်ဘူး ၁၀၅ ဘူး၊ ရေပိုက် ၁၁၅၀ လုံးနှင့် ဘိလပ်မြေအိတ် ၄၈၀ အိတ်တို့ကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးသည် မိုင်းခတ်မြို့နယ်နှင့် မိုင်းယမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား နယ်မြေခံတပ်နယ်ခန်းမများ၌ တွေ့ဆုံအမှာစကားပြောကြားပြီး သွားတိုက်ဆေး/သွားတိုက်တံ ၃၉ စုံ၊ ရွှေဖီဦး ၃၉ ထုပ်နှင့် ကြက်ဥ ၃၉၀ လုံးတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။