ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ အဝင်လမ်းအား ဂဝံမြေသားဖို့ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊  စက်တင်ဘာ -

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာရှိ ရွာအဝင်လမ်းအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်မတော်သားများက ဂဝံမြေသားဖို့ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ရွာအဝင် မြေသားလမ်း အရှည် ၂၀၀၀ ပေ၊ အကျယ် ၃၀ ပေကို လမ်းမြေသားညှိခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းနှင့် ဂဝံမြေသားဖို့ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။