ဘာသာရေးကျောင်းများနှင့် အခြေခံပညာကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၅
    
ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရေး တို့အတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ခရစ်ယာန်စိန်ထရီဇာသီလရှင် ကျောင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့ဟေ့ဟိန်းမင်္ဂလာစုပ့်မိန်းစေတီတို့၌ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်နှင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။