ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်မှု ၉ ရာခိုင်နှုန်းပြီးစီးနေပြီး စက်တင်ဘာလ ကုန်ပိုင်းတွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန် ပဲခူးမြစ်ကူး တံတား(ကဝ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိရာ တံတား တစ်စင်း လုံး၏ ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီး အချောသပ်လုပ်ငန်းများ လုပ်ကိုင်ပြီးပါက စက်တင်ဘာလ ကုန်ပိုင်းတွင် ယာဉ်များ ဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ အသုံးပြုနေသည့်  ပဲခူးမြစ်ကူး တံတား(ကဝ) အဟောင်းသည် တစ်လမ်းသွား ဘေလီ တံတားဖြစ်သည့်အတွက် တံတားပေါ်မှ ယာဉ်များဖြတ်သန်းနေစဉ် တခြားတစ်ဖက်မှ ယာဉ်များ စောင့်ဆိုင်းနေကြရပြီး ကဝမြို့တွင်းကို ဖြတ်သန်းသွား လာရခြင်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် ကဝမြို့ ရှောင်လမ်းဖောက်လုပ်ကာ အဆိုပါလမ်းပေါ်၌ ပဲခူးမြစ်ကူးတံတား(ကဝ)အသစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားသစ်တည်ဆောက်ရေး အချောသပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပါက ယခင်ဘေလီ တံတား ဟောင်းကိုလည်း ဖျက်သိမ်းမည်မဟုတ်ဘဲ တံတားဟောင်းရှိ ကြမ်းခင်းများကို  Steel Decking များဖြင့် အစားထိုးလဲလှယ် တည်ဆောက်ပေးရန် လျာထားကြောင်းနှင့် တံတားဟောင်းပေါ်မှ ခွင့်ပြု ယာဉ်အလေးချိန်  ယာဉ်တစ်စီးချင်း ၁၈ တန်အထိယာဉ်ငယ်များ ဆက်လက်ဖြတ် သန်းမောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား(ကဝ)ကို ၂၀၁၈ ခုနှစ် မေ ၂၅ ရက်က စတင်တည်ဆောက်ခဲ့ပြီး တံတား အရှည်ပေ ၆၀၀ ရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊  တံတားဖွဲ့စည်းပုံ မှာ အကျယ်ပေ ၁၀၀ ရှိသည့် PC Girder ခြောက်ကန့်ကို ထည့်သွင်း တည်ဆောက်ထား ကြောင်း၊ ထို့အတူ တံတား၏အုတ်မြစ်ကို ၁ ဒသမ ၂ မီတာအချင်းရှိသည့် သံကူ ကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကြောင်း၊ ကိုယ်ထည်မှာ သံကူကွန်ကရစ် ထိပ်အုပ် ကိုယ်ထည်ဖြစ်ပြီး  တံတားအပေါ်ထည်ကို  PC Girder သံကူကွန်ကရစ်ကြမ်းခင်း၊ လက်ရန်း တို့ဖြင့် တည်ဆောက်ထားကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှင့်  လူသွားလမ်း အကျယ် တစ်ဖက်လျှင် ၃ ပေစီပါဝင်၍ ရေလမ်းကင်းလွတ် အကျယ် ၂၅ မီတာနှင့် ရေလမ်းကင်းလွတ် အမြင့်မှာ Abnormal High Flood level အထက် အမြင့် ၁ မီတာရှိကာ တံတား ၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ဖြစ်ကြောင်း သိရသည်။                      

ဝန်းရံခ