ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ စက်တင်ဘာ - ၈
    
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိုင်းဖြတ်မြို့နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် မြိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ပြည်သူ့ဆေးရုံ၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေး တိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ ကျောက်ဆည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပဲခူးမြို့နှင့် ပြည်မြို့တို့ရှိ  အထွေထွေရောဂါကုဆေးရုံကြီးများ၊ ညောင်လေးပင်မြို့ တိုက်နယ်ဆေးရုံ၊ ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
    
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။
    
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။