ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ် တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရ

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ် တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရ

နေပြည်တော်၊ စက်တင်ဘာ - ၈
    
လက်တလော တချို့လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများအား အဖွဲ့အစည်းတချို့မှ လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။ 
    
ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြို ဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ်ဝန်းကျင်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီး ရမိခဲ့ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။ 
    
သို့ဖြစ်၍ လူမှုကွန်ရက်သတင်းမှားများစိစစ်နိုင်ရေး စက်တင်ဘာ ၇ ရက်၊ ညပိုင်း ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်း ခဲ့မှုအခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့်စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူ လူထုတချို့၏ပြောပြချက်အရ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာနှစ်ရွာအပါအဝင် အင်ဘာရီ၊ ဒုက္ကံချောင်း၊ ဂုတ်ပိတောင်နှင့် အခစားကျေးရွာများသည် ကုလားတန်မြစ် ဝဲ/ယာရှိကျေးရွာများဖြစ်ကြပြီး AA အကြမ်းဖက်သောင်းကျန်းသူများက အရပ်သားများအသွင်ရောနှောနေထိုင်လျက် တပ်မတော်ရေယာဉ်များ စစ်တွေ-ကျောက်တော် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက် ချိန်တိုင်း ရွာအတွင်းမှ မကြာခဏချောင်းမြောင်းနှောင့်ယှက် ပစ်ခတ်လျက်ရှိ ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများတွင်အရပ်သား အသွင်ယူရောနှောနေထိုင်ပြီး  ရပ်ရွာနေပြည်သူလူထုများ၏ နေအိမ်များအား အကာကွယ်ယူကာ ကျေးရွာများအနီးတိုက်ပွဲများဖန်တီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲအကျိုးဆက်များအား တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူ လူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ပါသည်။