ရန်ကုန်ဘူတာကြီး၌ မိမိသွားရောက်မည့်မြို့များ၏ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်ကို ခရီးသည်များသိရှိနိုင်ရန် သတင်းပြန်ကြားကြေညာပေးနေ

COVID-19 ရောဂါနှင့်ပတ်သက်၍မြို့နယ်အသီးသီး၌ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ   ထုတ်ပြန်လျက်ရှိရာ ရန်ကုန်မြို့မှတစ်ဆင့် နယ်မြို့များသို့ သွားရောက်ကြမည့် ရထားစီး ခရီးသည်များအနေဖြင့် မြို့များ၏ ကျန်းမာရေးသတ်မှတ် ချက်အခြေအနေကို သိရှိစေရန်    ရန်ကုန် ဘူတာကြီး၌ ရထားမထွက်ခွာမီ သတင်း ပြန်ကြားမှုစနစ်ဖြင့် ကြေညာပေးလျက်ရှိ ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ဘယ်မြို့မှာတော့ ကျန်းမာရေးသတ် မှတ်ချက်အနေနဲ့ ဘယ်လိုလုပ်ထားပါတယ်။ ဘယ်မြို့ မှာတော့ရထားဆိုက်ရောက်ပြီးတာနဲ့ Quarantine တန်းဝင်ရပါမယ်။ စတာတွေကို ခရီးသည် တွေ သိရှိနိုင်ဖို့ ရထားမထွက်မီအချိန်မှာ သတင်းပြန်ကြားရေးစနစ်နဲ့ အသံချဲ့စက်တွေနဲ့ ကြေညာပေးနေပါတယ်။ ဒါမှလည်း ခရီးသည်တွေ အခက်အခဲမရှိဘဲ ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင်  ရထားစီးခရီးသည်များ အနေဖြင့်  Social Distancing  အရ တစ်ဦးနှင့်တစ်ဦး နေရာခြား၍ စီးနင်းနိုင်ရန် ထိုင်ခုံများကို သတ်မှတ်ရောင်းချပေးလျက် ရှိရာ ရန်ကုန်-မန္တလေး၊  ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲမည့် ရထားများတွင်  Social Distancing  ကို ဦးစားပေး လုပ်ဆောင်နေကြောင်းသိရသည်။ ထို့ပြင် ရထားလက်မှတ် ဝယ်ယူရာတွင် လည်းကောင်း၊ ရန်ကုန်ဘူတာကြီး၏ ဧရိယာအတွင်းသို့ ဝင်ရောက်ရာတွင်လည်းကောင်း Mask တပ်ဆင်ရန်နှင့် Mask တပ်ဆင်မှု မရှိပါက ဝင်ခွင့်မပြုရန် ကြပ်မတ်ဆောင်ရွက် နေကြောင်း သိရသည်။

COVID-19ရောဂါအခြေအနေကြောင့် ရထားစီးခရီးသည် လျော့ကျလာသော်လည်း လက်ရှိ တွင်  အမှတ် (၃) အဆန်၊  အမှတ်  (၄)  အစုန်  ရန်ကုန်-မန္တလေးရထား၊ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန် ရန်ကုန်-မန္တလေးရထား၊ အမှတ် (၆၃)  အဆန်၊ အမှတ် (၆၄) အစုန်  ကြည့်မြင်တိုင်-ပြည်ရထား၊ အမှတ် (၇၁) အဆန်၊ အမှတ် (၇၂) အစုန် ရန်ကုန်-ပြည်ရထား၊ အမှတ် (၅၇) အဆန်၊ အမှတ် (၅၈) အစုန် မန္တလေး-မြစ်ကြီးနားရထား၊ အမှတ် (၄၁) အဆန်၊ အမှတ် (၄၂) အစုန် မန္တလေး-မြစ်ကြီးနား စာပို့ရထား၊ အမှတ် (၁၀၁) အဆန်၊ အမှတ် (၁၀၂) အစုန် နေပြည်တော်-တောင်တွင်းကြီး-ချောက်ရထား၊ အမှတ်(၈၉) အဆန်၊ အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင်ရထား၊ အမှတ် (၈၁) အဆန်၊ အမှတ် (၈၂) အစုန်  ရန်ကုန်-မော်လမြိုင်-ရေးရထား၊ အမှတ် (၁၄၁) အဆန်၊ အမှတ် (၁၄၂) အစုန် သာစည်-ရွှေညောင် ရထား၊ အမှတ် (၁၃၉) အဆန်၊ အမှတ် (၁၄၀) အစုန် ဂန့်ဂေါ-ကလေးရထား၊ အမှတ် (၁၈၅) အဆန်၊ အမှတ် (၁၈၆) အစုန် ပုသိမ်-ကြံခင်းစာပို့ ရထား၊ အမှတ် (၁၃) အဆန်၊ အမှတ် (၁၄) အစုန် ရန်ကုန်-ပဲခူး ရထားများကို စက်တင်ဘာ ၈ ရက်အထိ အခေါက်ရေ လျှော့ချခြင်းများ မပြုလုပ်ဘဲ ပြေးဆွဲပေးနေ ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)