သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဝန်ထမ်းဟောင်းများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ်လှူဒါန်း

သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဝန်ထမ်းဟောင်းများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၉
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံမှ ဝန်ထမ်းဟောင်းများ၏ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် စက်ရုံဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။

    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဝန်ထမ်းဟောင်း ၉၂၀ ဦးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ဆန် ၁၄၆ အိတ်၊ ဆီ ၂၁၀ ပိဿာ၊ ဆား ၁၅၀ ပိဿာ၊ ပဲ ၃၉၀ ပိဿာတို့ကို  ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး စက်ရုံဝန်ထမ်းဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။