ဘုတလင်မြို့နယ်၌ နှာခေါင်းစည်းမတပ်ဆင်သောကြောင့် အရေးယူခံရသူ ၂၀၀ ကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ ယခုကာလအတွင်း နေအိမ်ပြင်ပသို့ သွားလာရာ တွင် နှာခေါင်းစည်း မတပ်ဆင်သူ ၂၀၀ ကျော်ကို အမှုဖွင့်အရေးယူထားကြောင်း မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသူများကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ ဖြင့် အမှုဖွင့်အရေးယူရာ မေ ၂၂ ရက်မှ ဇွန် ၃ ရက်အထိ ၉၁ ဦးရှိပြီး ဇွန် ၃ ရက် နောက်ပိုင်းတွင် စစ်ဆေးအရေးယူမှုများကို ခေတ္တရပ်နားကြောင်း၊သြဂုတ်လအတွင်း COVID-19 ရောဂါပြည်တွင်း ကူးစက်မှုများ ရှိလာသောကြောင့်သြဂုတ် ၂၄ ရက်မှစတင်၍     စစ်ဆေးအရေးယူမှုများ ပြန်လည်ပြုလုပ်ရာ သြဂုတ်နှင့် စက်တင်ဘာလဆန်းတွင် ၁၂၈ ဦးကို အမှုဖွင့်အရေးယူထားသဖြင့်    မေလမှ စက်တင်ဘာ ၇ ရက်အထိ နှာခေါင်းစည်းမတပ်ဆင်၍ အရေးယူခံရသူ ၂၁၉ ဦးအထိရှိလာသည်။

ထိုသို့စစ်ဆေးအရေးယူရာတွင် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊   မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ဖြင့်   ရှောင်တခင် စစ်ဆေးအရေးယူမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

အငယ်လေး