ဂဝံမြေသားလမ်းခင်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် သာပေါင်းမြို့နယ် မြောက်ပန်းကုန်းကျေးရွာ၌ ဂဝံမြေခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော် ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ပုသိမ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်အောင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ မြောက်ပန်းကုန်းကျေးရွာ၌   ဂဝံမြေခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါကျေးရွာတွင် လမ်းအရှည်ပေ ၂၀၀၀၊အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မထုရှိ ဂဝံမြေ ခင်းခြင်းနှင့်   ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ နည်းပညာပံ့ပိုးကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၈ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်