ဗုံးသီးဟောင်းတစ်လုံး ထိမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

ဗုံးသီးဟောင်းတစ်လုံး ထိမိ ပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော် ၊  စက်တင်ဘာ - ၉
    
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဝေမှုန်ကျေးရွာနေ ဦးအောင်သန်းစိုး(ဘ) ဦးစိုးမြင့် သည် မထောကျေးရွာအုပ်စု၊ ကူးဆိပ်ကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိမြေပဲစိုက်ခင်းအတွင်း၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြက်ရိတ်စက်ဖြင့် ပေါင်းမြက်များရှင်းလင်းစဉ် ဗုံးသီးဟောင်းတစ်လုံးကို ထိမိ ပေါက်ကွဲခဲ့သဖြင့် ၎င်းင်းတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
    
အဆိုပါ ဗုံးထိလူနာအား ဖာပွန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။