မိုးစပါးစိုက်ခင်းများ၌ စပါးဖြုတ်ပိုးကျရောက်မှုစစ်ဆေး

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ဝမ်ကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုး ကျရောက်နေသဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မယ်စဲ့မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးဘက်စုံ အဆင့်မြင့်သုံး စံပြကျေးရွာ ဧက ၃၀၀ နှင့်မိုးနှမ်း GAP ဧက ၃၅၀ စိုက်ခင်းများတွင် ပိုးမွှား ရောဂါကျရောက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး ပိုးမွှားရောဂါ ကျရောက်နေသော စိုက်ခင်း များအတွက် ကာကွယ်ကုသရန် နည်းလမ်းများကို ပညာပေးခြင်းနှင့် မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများကို အခမဲ့ ဖြန့်ဖြူးထောက်ပံ့ကာ စနစ်တကျ သုံးစွဲရန် နည်းလမ်းတို့ကို ဆွေးနွေးပြောကြားကြောင်း သိရသည်။           

ဝတ်ရည်