တပ်မတော်ဆေးရုံ ခုတင်-၅၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့ PE  ဝတ်စုံနှင့် Surgical Mask များ ပေးအပ်လှူဒါန်း

တပ်မတော်ဆေးရုံ ခုတင်-၅၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့ PE  ဝတ်စုံနှင့် Surgical Mask များ ပေးအပ်လှူဒါန်း

နေပြည်တော်  စက်တင်ဘာ  ၉

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)မှဦးဆောင်ပြီး မြန်မာအိပ်မက် အလင်းရှင်အသင်းမှ ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံ  ခုတင်-၅၀၀ သို့   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်  အသုံးပြုနိုင်စေရန်အတွက်  PPE  ဝတ်စုံနှင့် Surgical Mask များပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ဗုဒ္ဓဘာသာကလျာဏယု၀ အသင်းကြီး (YMBA) ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း က လှူဒါန်းဖြစ်ပုံအားရှင်းလင်းပြောကြားပြီးမြန်မာအိပ်မက်အလင်းရှင်အသင်းမှ MD ဦးမင်းမြတ်ဦးက လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အလှူရှင်များက  တပ်မ တော်ဆေးရုံ ခုတင်-၅၀၀ သို့ PPE  ဝတ်စုံ နှင့် Surgical Mask များ ပေးအပ်လှူဒါန်း ရာ တပ်မတော်ဆေးရုံ ခုတင်-၅၀၀  ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ်စိန်လင်းက လက်ခံ ရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့သည်။

ဆက်လက်ပြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) အသင်းမှ ဗဟိုဥက္ကဋ္ဌနှင့် မြန်မာအိပ်မက်အလင်းရှင် အသင်းမှအလှူရှင်များသည် နံနက် ၁၁ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့သွားရောက်ပြီး  PPE ဝတ်စုံနှင့် Surgical Mask များပေးအပ်လှူဒါန်းရာ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး  ခုတင်-၅၀၀ တပ်မှူး ဗိုလ်မှူးချုပ်
လှအောင်မှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားတွင် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်- ၅၀၀ တပ်မှူး   ဗိုလ်မှူးချုပ်လှအောင်က ဆေးရုံအတွင်း ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်ရာတွင်  PPE ဝတ်စုံအသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး YMBA အသင်းဗဟိုဥက္ကဋ္ဌ နှင့် မြန်မာအိပ်မက်အလင်းရှင်အသင်းမှ အလှူရှင် MD ဦးမင်းမြတ်ဦးတို့က လှူဒါန်း ရခြင်းအကြောင်းအား ရှင်းလင်းပြောကြား ခဲ့သည်။

ယင်းသို့လှူဒါန်းရာတွင်   YMBA  အသင်းကြီး၏ဦးဆောင်မှုဖြင့်  မြန်မာအိပ်မက်အလင်းရှင်အသင်း  အလှူရှင်များက  တပ်မတော်ဆေးရုံ  ခုတင်-၅၀၀သို့ PPE  ဝတ်စုံ အစုံ ၇၀၊ Surgical Mask အခု ၁၀၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး  ခုတင်-၅၀၀ သို့  PPE  ဝတ်စုံ  ၆၁  စုံ၊ Surgical Mask  အခု ၁၀၀၀  တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။