ကိုဗစ်-၁၉ ရောဂါက ကလေးငယ်သန်းပေါင်းများစွာ၏ အသက်ကိုခြိမ်းခြောက်နေ

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်သန်းပေါင်းများစွာ၏ အသက်ကို ခြိမ်းခြောက်နေပြီး ဆယ်စုနှစ်များစွာကြာ တိုးတက်ရရှိလာသည့် ကလေးငယ်သေဆုံးမှု လျှော့ချရေးကိုလည်း ပျက်စီးစေနိုင်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ ကုလသမဂ္ဂ၏ ကလေးငယ်များ ရန်ပုံငွေအဖွဲ့က နိုင်ငံပေါင်း ၇၇ နိုင်ငံတွင် စစ်တမ်းများ ကောက်ယူရာ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၆၈ ရာခိုင်နှုန်းမှာ ကလေးငယ်များ၏ ကျန်းမာရေးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးမှုတို့ကို မလုပ်ဆောင်နိုင် ကြောင်းတွေ့ရသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို ပြန်လည် အသက်သွင်းရန်  အရေးပေါ် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ပါက အထူးသဖြင့် မွေးကင်းစ ကလေးများ အပါအဝင် အသက်ငါးနှစ်အောက် ကလေးငယ် သန်းပေါင်းများစွာ  သေဆုံးနိုင် ကြောင်း အဆိုပါရန်ပုံငွေအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူးဟန်ရီယက်တာဖိုးကပြောသည်။ ပြီးခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း လမစေ့ဘဲမွေးဖွားမှုနှင့် အဆုတ်ရောင်ရောဂါအပါအဝင်  မွေးကင်း စကလေးငယ်သေဆုံးမှု ဖြစ်စဉ်များအတွက် ကုသရေးနှင့် ကာကွယ်ရေးမှာ အံ့အားသင့်ဖွယ် တိုးတက်လာကြောင်းသိရသည်။ ကုလသမဂ္ဂ၏ ကလေးငယ်များရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ထုတ်ပြန်ချက်အရ အသက်ငါးနှစ်အောက် ကလေးငယ်သေဆုံးမှုမှာ ၂၀၁၉ ခုနှစ်တွင်  အနည်းဆုံးအဖြစ်စံချိန်တင်ကြောင်းသိရသည်။

Ref: The Straits Times