ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၁၀   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်း သည့် COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ဟိုပုံးမြို့၊ ဒေသဦးစီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ တက်ရောက်ကြသည်။   

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် Surgical Mask  ၂၀၀၀၀ ခု၊ N-95 Mask  ၁၀၀၀ ခု၊ Face Shield  ၂၅၀ ခု၊ Sodium Hypochloride(10-15%)(15L)   ၆ ပုံး၊ Examination Glove  ၁၀၀၀ ခု၊Hand Gel ၁၅၀ ခု၊ Hand Sanitizer   ၁၅၀ ဘူး၊ Personal Protective Equipment(PPE)  ၃၀၀ စုံ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင်နှင့် စားသောက်ဖွယ်ရာတို့ကို ပေးအပ်လှူဒါန်းရာ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။