ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအတွက် ဒိုက်နှင့်ဗေဒါရှင်းစက်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်း

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအတွက် ဒိုက်နှင့်ဗေဒါရှင်းစက်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၁၀
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေး အထောက်အကူပြုစေရန် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic   Weed   Harvester  ၂ စီး၊  COVID-19  ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့၊ အင်းလေးကန်ဟိုတယ်ဇုံ စက်လှေဆိပ်သို့  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester  ၂ စီး၊ Surgical Mask  ၂၀၀၀၀ ခု၊ N-95 Mask ၁၀၀၀ ခု၊ Face Shield  ၂၅၀ ခု၊ Sodium Hypochloride(10-15%)(15L)  ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel   ၁၅၀ ခု၊ Hand Sanitizer   ၁၅၀ ဘူးနှင့် Personal Protective Equipment(PPE)  ၃၀၀ စုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာ လက်ဆောင်နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သတင်းရရှိသည်။