ပုသိမ်မြို့၊ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ပြုလုပ်

ပုသိမ်မြို့၊ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အထိမ်းအမှတ်ကို ယနေ့နံနက်ပိုင်းတွင် စက်တော်ရာဘိုးဘွားရိပ်သာ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့်အဖွဲ့ဝင်များ၊ စက်တော်ရာဘိုးဘွားရိပ်သာ ကြီးကြပ်ရေး ဉက္ကဋ္ဌ ဒေါ်တင်တင်လှနှင့် ကန်တော့ခံ အဘိုးအဘွားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘိုးအဘွားများအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် စက်တော်ရာဘိုးဘွား ရိပ်သာရှိ အဘိုးအဘွားများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ အလှူငွေများနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ အသီးသီး လက်ခံရယူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စက်တော်ရာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ အား အလှူငွေများ လိုက်လံပေးအပ် လှူဒါန်းကြသည်။ ယင်းနောက် အဘိုးအဘွားများ ကိုယ်စား အဘိုး ၁ ဦးက အလှူရှင်များအား မေတ္တာပို့သကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။