တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ငွေဟင်္သာ စေတီတော်ကျောင်းတိုက်၊ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ၊ နဘူးတောရကျောင်း တိုက်၊ မွန်ပြည်နယ်၊ သထုံမြို့၊ ပဉ္စဂီရိချမ်းမြေ့ သီလရှင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဓမ္မပါလကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး၊ အောင်မြေသာစံမြို့နယ်၊ ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။