ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၁

 ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထို့သို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။