ကန်ကြီးထောင့်မြို့၊ ဒေးဒရဲမြို့နှင့် အမ်းမြို့တို့၌ အောက်ဆီဂျင်စက် ရောက်ရှိ၊ တပ်ဆင်၊ လည်ပတ်နေမှုများအား သွားရောက်ကြည့်ရှု

ကန်ကြီးထောင့်မြို့၊ ဒေးဒရဲမြို့နှင့် အမ်းမြို့တို့၌ အောက်ဆီဂျင်စက် ရောက်ရှိ၊ တပ်ဆင်၊ လည်ပတ်နေမှုများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ - ၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်နေမှု အား မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ဒေးဒရဲမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၁၀၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင ်ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့် တာဝန်ရှိသူများ ကလည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အေးရိပ်သာဘုန်းတော်ကြီးကျောင်းတွင် တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံအတွက် 30 Nm 1/hr Oxygen Generation System Scheme အမျိုးအစားဖြစ်သည့် အောက်ဆီဂျင်စက် ရောက်ရှိ၊ တပ်ဆင်နေမှုများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။