ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး အမျိုးသမီး သင်တန်းသူများ အလိုရှိသည်

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး အမျိုးသမီး သင်တန်းသူများ အလိုရှိသည်

၁။  လျှောက်ထားသူသည်အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

    (ခ )လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက် မကြီးရ။

    (ဂ ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

    (ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့် အထက် ရှိရမည်။

(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)          

၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(female))တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက် စာတမ်းများနှင့်အတူ        ၅-၁၀-၂၀၂၁ ရက်နေ့မှ ၂၄-၁၀-၂၀၂၁ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည်-

    (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ ) တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်။(အမှတ်စာရင်း တင်ပြရမည်။)

    (ဂ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့ မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

    (င ) အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

    (စ ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှ ပဏာမရွေးချယ် ပါမည်။ ပဏာမ ရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြု ရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်း စည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ် လစာ (၁၄၄ဝဝဝ)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့် ရက်မှစ၍ သင်တန်းပြီးဆုံး သည်အထိ တပ်သားအခြေခံလစာ (၁၅၀ဝဝဝ)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (တတိယတန်း) [အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်း လစာ(၄ဝဝဝ)ကျပ်၊ M.H.R.A  (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း(၂၁၈ဝဝဝ)ကျပ် ရရှိမည်။]

၆။ တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲ အောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာ၊စရိတ်များ ရရှိမည်-

 

                       အဆင့်အတန်း                                   အခြေခံ  အရည်အချင်း M.H.R.A      ပေါင်း

                                                                                လစာ        လစာ

(က)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း)    ၂၀၄ဝဝဝ    ၆ဝဝဝ      ၁ဝဝဝဝ    ၂၂၀ဝဝဝ

(ခ)တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း)     ၂၀၄ဝဝဝ      ၈ဝဝဝ      ၁ဝဝဝဝ    ၂၂၂ဝဝဝ

(ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                ၂၄ဝဝဝဝ      ၈ဝဝဝ      ၁ဝဝဝဝ    ၂၅၈ဝဝဝ

(ဃ)  အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                     ၂၅၈ဝဝဝ      ၈ဝဝဝ      ၁ဝဝဝဝ      ၂၇၆ဝဝဝ

မှတ်ချက်။       နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့်ရှိသည်။

၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာ ဖြေဆို နိုင်သည်။

မှတ်ချက်။       အသေးစိတ် သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။