မြို့သစ်မြို့နယ်၌ ဝါမျိုးစုံ ၂၃၇၅၇ ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မြို့သစ်မြို့နယ်၌ ဝါမျိုးစုံ ၂၃၇၅၇ ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ၌  ယခုနှစ် ဝါစိုက်ပျိုး ရာသီအတွင်း ဝါမျိုးစုံ  ၂၃၇၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဝါအမျိုးအစားများ အနေဖြင့် ရွှေတောင် ၈၊ ရွှေတောင် ၁ဝ၊ ငွေခြည် ၉၊ ငွေခြည် ၁၁ နှင့် ငွေခြည် ၆ မျိုးများရှိသော်လည်း အဓိကအားဖြင့်    ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ရွှေတောင် ၁ဝ နှင့် ငွေခြည် ၁၁ ဝါမျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊   မိုးကောင်းသောက် ဝါတစ်ဧကလျှင် ဝါပိဿာချိန် ၆ဝဝ ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီး  စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၈ဝဝ ခန့်အထိ ထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍  ဝါများကောက်ယူလျက် ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌   ယခုနှစ်ဝါစိုက်ပျိုး ရာသီတွင် ဝါ  ၂၃၄၅၉ ဧက စိုက်ပျိုးရန် လျာထားပြီး နည်းမျိုးစုံဖြင့် ၂၃၇၅၇ ဧက စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း၊    မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများကလည်း တောင်သူများ သီးနှံ အထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုး နည်းစနစ်မှန်ကန်ရေး စိုက်ပျိုးပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။