တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၅

    ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲ မှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်း       လှူဒါန်းသည့် ဆွမ်းဆန်တော် ၄၄၅၃ အိတ်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို မော်လမြိုင်မြို့၊ သာသနာ့ဗိမ္မာန် တော်ကြီး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

 အလားတူ အောက်တိုဘာ ၄ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက်၊ ဓမ္မသုခတောရကျောင်း တိုက်၊ မိုင်းဖြတ်မြို့ရှိ ထေရဝါဒဗုဓ္ဒသာသနာပြု(ဗဟို)ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ အနော်ရထာရပ်ကွက်ရှိ ဇမ္ဗူအေးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ သုဇနကာရီပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ မိုးကုတ်မြို့ရှိ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် စာသင်တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ စလင်းတိုက်ဟောင်း ဓမ္မဂုဏ်ရည် ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။

    ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက်နှင့် ဓမ္မသုခတောရ ကျောင်းတိုက်တို့မှ သံဃာတော်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။