ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ - ၅

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား  မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။