ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံနှင့် ပိတောက်ပင်ကျေးရွာ ရပ်ကွက်စီမံ အုပ်ချုပ်ရေးရုံး အား မီးရှို့ဖျက်ဆီးခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံနှင့် ပိတောက်ပင်ကျေးရွာ ရပ်ကွက်စီမံ အုပ်ချုပ်ရေးရုံး အား မီးရှို့ဖျက်ဆီးခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ- ၅

    အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအားမီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား ၊အင်းမနယ်မြေ ရဲစခန်းရှေ့ စစ်ဆေးရေးဂိတ် တွင် ပုသိမ်-မြဝတီ ပြေးဆွဲသည့် ဒို့ညီနောင်ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလာသည့် စည်သူအောင်(၃၅)နှစ်၊ အောင်နိုင်ထွေး(၃၅)နှစ် နှင့် ဘိုဘိုထွန်း (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး စည်သူအောင်၏ ထွက်ဆိုချက်အရ ကန်ကြီးထောင့်မြို့နယ်၊ ကညွတ် ကုန်းကျေးရွာနေ စတာလင်း(၆၁)နှစ် အားထပ်မံ ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၉ ရက် တွင် သာပေါင်းမြို့နယ်၊ ညောင်ပင်လေးဆိပ်ကျေးရွာနေ စိုးပိုင်(၃၅)နှစ်အား ပစ္စတို ကျည်အိမ် ၁ ခု၊ လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်း ၁ ဘူး တို့နှင့် လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဆက်ချောင်းကျေးရွာနေ ရဲမိုး(၄၁) နှစ် အား တူမီးသေနက် ၁ လက်နှင့် လည်းကောင်း၊ကန်ကြီးထောင့်မြို့၊ (၁) ရပ်ကွက်နေ အောင်အောင်(၃၈)နှစ်အား လက်လုပ်သေနတ် ၁ လက်နှင့်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ၂၀ ရက် တွင် ကန်ကြီးထောင့်မြို့နယ်၊ ကုလားကုန်းကျေးရွာရှိ ထန်းကုန်းလေးကျောင်းတိုက်နေ အောင်မြင့်(၅၃)နှစ်အား လည်းကောင်း၊ ကန်ကြီးထောင့်မြို့၊ (၄)ရပ်ကွက်နေ ရဲလင်းနောင် (၃၁)နှစ်၊(၂)ရပ်ကွက်နေ အောင်ဓန(၁၉)နှစ်၊ (၁)ရပ်ကွက်နေ ရဲဝင်းသူ (၃၇)နှစ် တို့အား လည်းကောင်း၊ ပုသိမ်မြို့၊(၅)ရပ်ကွက် နေ ဇော်ထိုက် (၆၂)နှစ်နှင့် သက်ထားဝေ(၂၃)နှစ် တို့အားလည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ ဇော်ထိုက်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၁ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ထက်ထက်(၂၆)နှစ်အား လမ်းလျှောက် စကားပြောစက် ၁ လုံး၊ ဒူးလေး ၁ လက်၊မြှား ၃၄ ချောင်း၊ ကန့်မှုန့် ၁ ဘူး ၊ ယမ်းမှုန့် ၇ ဘူး၊ သံဘောစေ့ ၁၄၀၀ စေ့၊ယမ်းမီးခြစ် ၆၀ လုံးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၂ ရက်တွင် သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာ၊ ပုသိမ်-သာပေါင်းကားလမ်း၊ မိုင်တိုင်အမှတ် ၀/၄ နှင့် ၀/၅ ကြားတွင် Light Truck အဖြူရောင်ယာဉ်ပေါ်မှ စိုးမင်းထွန်း(၃၅)နှစ်၊ စစိုးမိုးကျော်(၂၉)နှစ်၊ အောင်ကိုကို (၁၉)နှစ်၊ ထွန်းအေး(၆၂)နှစ်၊ နေလင်းအောင် (၂၈)နှစ်၊ လှမျိုးမင်း (၃၈)နှစ်၊ လှကြည်(၄၈)နှစ်၊ ညီဇော်လတ် (၃၅)နှစ် တို့ ၈ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ ညီဇော်လတ်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၃ ရက်တွင် သာပေါင်းမြို့နယ်၊ ဘုရားဦးပေါက်ကျေးရွာနေ သောင်းမြင့်(၄၆)နှစ်အား ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၅ တောင့်၊ကျည်အိမ် ၁ ခု၊ တူမီးသေနတ် ၅ လက်၊ လက်လုပ်မိုင်း            ၁ လုံးနှင့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ငွေဆောင်မြို့၊ ရှောက်ချောင်းကျေးရွာနေ အောင်ခင်ဌေး (၃၅) နှစ်အား ပုသိမ်-ငွေဆောင် ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၂၈/၃ တွင် လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ ထွန်းအေးနှင့် စိုးမင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့၏ နေအိမ်များတွင် လက်နက်များ ဝှက်ထားကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၂၃ ရက်တွင် သွားရောက်ရှာဖွေခဲ့ရာ ထွန်းအေးနေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၂ လုံး၊ တူမီးသေနတ်အတို ၁ လက်၊ တူမီးသေနတ် အရှည် ၁၂ လက်၊ လက်လုပ်လေသေနတ်  ၂ လက်၊ ယမ်း ၂၈ ဘူး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း ၁ လုံး၊ ဗြောက်အိုး ၇၀ လုံး၊ ဆန် ၉ အိတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ စိုးမင်းထွန်း နေအိမ်အတွင်းမှ တူမီးသေနတ် အရှည် ၄ လက်အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ နေလင်းအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ တွင် ကန်ကြီးထောင့်မြို့နယ်၊ တစ်တစ်တူးချောင်းကျေးရွာ အနောက်ဘက်၊ ငြိမ်းတင် နေအိမ်ခြံဝင်းအတွင်းမှ လက်လုပ်မိုင်း ၁ လုံး၊ တူမီးသေနတ် ၆ လက်၊ လက်လုပ် လေသေနတ် ၄ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ အောင်ခင်ဌေး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ငရုတ်ကောင်းမြို့၊သဲဖြူကျေးရွာအနီး တောအတွင်းမှ ချမ်းငြိမ်း(၂၁)နှစ် အား လက်လုပ်မိုင်း ၃၄ လုံး၊ ယမ်းကြိုး ၈၅ ချောင်း၊ ယမ်းပုံး ၁ ပုံး၊ သံဘောစေ့ ၁၅၀ စေ့၊ 9V ဓာတ်ခဲ ၁၈ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ ညီဇော်လတ်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၆ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဒိုးပင်စိတ်ကျေးရွာနေ မင်းမင်းပိုင်ဆိုင်သော ရာဘာခြံအတွင်း မှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ Memory Stick ၁ ချောင်း တို့အား သိမ်းဆည်းရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ ညီဇော်လတ်နှင့် နေလင်းအောင်တို့၏ ထွက်ဆိုချက် အရ စက်တင်ဘာ ၂၇ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ မြောင်ကြီးကျေးရွာနေ စိန်ကံ (၃၉)နှစ်အား လက်လုပ်စိန်ပြောင်း ၃ လက်၊ သံကိုယ်ထည် လက်လုပ်ဆုံလည် သေနတ် ၃ လက် နှင့်လည်းကောင်း၊ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ အောင်ချမ်းသာ(၃) ဆန်စက်အား ရှာဖွေရာ ဆန်စက်မန်နေဂျာ မင်းစိုး(၄၁)နှစ် အား လက်လုပ်ဗုံး ၆ လုံး၊ အသံဗုံး ၁ လုံး တို့နှင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်နေ နေသက်စိုး (၃၉)နှစ် အား Beretta ပစ္စတို (၁)လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၂၂ ကျည် ၃၅၀ တောင့်၊ ၉ မမ ကျည် ၅၀ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ရေကြည်မြို့နယ်၊ ဘွဲ့ငူကျေးရွာ လယ်ကွက်အတွင်း မြေမြှုပ်ထားသော ယမ်းစိမ်း ၈၀ ကျပ်သား ၂  ဘူး၊  ဒီတိုနေတာ ၉၀ ချောင်းအားထပ်မံ သိမ်းဆည်းရမိခဲ့ပြီး မအူပင်မြို့နယ်၊ နွားကြီးကုန်းကျေးရွာ နေသူ သောင်းလှိုင်(၆၅)နှစ်အား ၎င်း၏ နေအိမ်အနောက်ဘက်ရှိ ကိုင်းတော အတွင်း ဝှက်ထားသော လက်လုပ်တူမီးသေနတ် ၄၆ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

    ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှု အနေဖြင့် ကျား ၂၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၉ ဦး ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအနေဖြင့် ပစ္စတို ၃ လက်၊ ကျည်အိမ် ၅ ခု၊ တူမီးသေနတ် ၇၅ လက်၊ လက်လုပ်လေသေနတ် ၈ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဆုံလည် သေနတ် ၃ လက်၊ ဒူးလေး ၁ လက်၊ မြှား ၃၄ ချောင်း၊၉ မမကျည် ၁၁၅ တောင့်၊ ပွိုင့်-၂၂ ကျည် ၃၅၀ တောင့်၊လက်လုပ်မိုင်း ၆၇ လုံး၊ အသံဗုံး ၁ လုံး၊ ဗြောက်အိုး ၇၀ လုံး၊ ဒီတိုနေတာ ၉၀ ချောင်း၊ ယမ်းဘူး ၄၄ ဘူး၊ ကန့် ၁ ထုပ်၊သံဘောစေ့ ၁၅၅၀ စေ့၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ဆန်အိတ် ၉ အိတ်၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အောင်နိုင်ထွေးနှင့် ဝေလင်း(ဖမ်းဆီးရန်ကျန်)တို့ ၂ ဦးမှ မီးရှို့ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။

    ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရွှေကန်သာကားဂိတ်အနီး၌ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်မြင့်အား ကျော်ဇင်ထွေး (ဖမ်းဆီးရန်ကျန်)နှင့် ဘိုဘိုထွန်းတို့ ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

    ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ရန်နှင့် ဒေသတွင်း ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် ကန်ကြီးထောင့် မြို့နယ်၊ NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဝေယံအောင်က အဓိက စီစဉ်ညွှန်ကြားနေကြောင်း ပြည်သူများမှ သတင်းပေးပို့ခဲ့သဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။