စပိန်အစိုးရက နိုင်ငံ့ဝန်ထမ်းများကို လစာ ၂ ရာခိုင်နှုန်း တိုးပေးမည်

စပိန်အစိုးရက နိုင်ငံ့ဝန်ထမ်းများကို လစာ ၂ ရာခိုင်နှုန်း တိုးပေးမည်

စပိန်အစိုးရသည် မြင့်တက်လာသော စားသုံးသူ ဈေးနှုန်းများကြောင့် ဝန်ထမ်းများ အသုံးစရိတ် မကျပ်တည်းစေရန်   နိုင်ငံ့ဝန်ထမ်းများကို   လစာ ၂ ရာခိုင်နှုန်း တိုးပေးမည်ဖြစ်ကြောင်း    ရသုံးမှန်းခြေ ငွေစာရင်းဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါလစာ တိုးပေးခြင်းကို လာမည့် ဘဏ္ဍာနှစ်တွင် စတင်သွားမည်ဖြစ်ပြီး အစိုးရ တစ်ဖွဲ့လုံးက ထောက်ခံကာ လွှတ်တော်က ယခုနှစ်ကုန်တွင် အတည်ပြုပေးရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၁၂ လအတွင်း ငွေကြေး ဖောင်းပွမှုနှုန်းသည် ၄ ရာခိုင်နှုန်း ရှိကာ ၁၃ နှစ်အတွင်း  အမြင့်ဆုံးဖြစ်ကြောင်း စာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စပိန်အစိုးရအနေဖြင့် စက်တင်ဘာလတွင် အနည်းဆုံး လုပ်ခလစာကို ၁ ဒသမ ၆ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးပြီးနောက် ၂ဝ၂၂ ခုနှစ်တွင် လစာတိုးပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ပင်စင်လစာများကိုလည်း ၂ဝ၂၁ ခုနှစ် ငွေကြေးဖောင်းပွမှုနှင့် အညီ ဇန်နဝါရီ ၁ ရက်မှစ၍ တိုးမြှင့်သွားမည်ဖြစ်ပြီး ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်ဟု သိရသည်။     

  Ref: CNA