တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန် အောက်တိုဘာ ၆
   
ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ အား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ တွင် ကျန်းမာရေးစောင့်ရေှာက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးအလုံးပေါင်း ၂၄၀၀ နှင့် ဆေးထိုးအပ် ၁၂၀၀၀ ကို နေပြည်တော်ကောင်စီနယ်မြေသို့ လည်းကောင်း၊ ဆေးအလုံးပေါင်း ၁၀၀၀၀ နှင့် ဆေးထိုးအပ် ၅၀၀၀၀ ကို မုံရွာ မြို့သို့လည်းကောင်း၊ ဆေးအလုံးပေါင်း ၂၀၀၀၀ နှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ကို ပြည်မြို့သို့လည်းကောင်း၊ ဆေးအလုံးပေါင်း ၄၆၀၀၀ နှင့် ဆေးထိုးအပ် ၂၃၀၀၀၀ ကို မကွေးမြို့သို့လည်းကောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် ဆက်လက် ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။
        
ထိုသို့ဖြန့်ဖြူးပေးသောကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဉီးတည်အုပ်စုလူဉီးရေ ဉီးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်။ 

ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏အကူအညီ များရယူကာလေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။