ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၁
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ သီးနှံများပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ကို ဆယ်တိုကျေးရွာရှိ သုခကာရီကျောင်းတိုက်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး မိုးဟိန်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ သွားရောက် ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်နယ်မှူးက သီးနှံများပျက်စီးခဲ့သည့်ကျေးရွာ ၂၇ ရွာမှ အိမ်ထောင်စု ၃၅၈၉ စု၊ တောင်သူ ၁၄၄၅၄ ဦးအတွက် ဆန် ၂၂၉၈ အိတ်၊ ဆီ ၄၀၄၇ ပိဿာ၊ ဆား ၃၅၄၁ ပိဿာနှင့် ပဲ ၆၀၇၀ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ဆည်တိုကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
    
အဆိုပါသီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှာ ယာကြီးကုန်းကျေးရွာအုပ်စုမှ ၆ ရွာ၊ ဆည်တိုကျေးရွာအုပ်စုမှ ၈ ရွာ၊ လဲတော ကျေးရွာအုပ်စုမှ ၂ ရွာ၊ အုပ်ကြီးကျေးရွာအုပ်စုမှ ၇ ရွာနှင့် ဒဟတ္တန်းကျေးရွာအုပ်စုမှ ၄ ရွာဖြစ်ပြီးစုစုပေါင်း ၁၀၁၀၇ ဧကပျက်စီးဆုံးရှူံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။