ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၇၁၇ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၇၁၇ ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ ၆

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူ များနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၅-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီ မှ (၆-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း  ၂ဝ၃၉ဝ ခုအား စစ်ဆေးပြီးစီးခဲ့ရာ   ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၇၁၇ ဦး တွေ့ရှိရသည်။  ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၄၃၁၇ဝ၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၇၃ဝ၂၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၉၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၂၆၇၃၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄၁ ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၉၉၈ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍  ထိုးနှံပေးလျက် ရှိရာ(၅-၁ဝ-၂ဝ၂၁) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း ၈၆၈၆၉၁၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၃၉၄၉၃ဝ၇ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၇၃၇၆ဝ၆ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ (၅-၁ဝ-၂ဝ၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ    စုစုပေါင်း ၁၂၆၃၆၂၂ဝ ကြိမ်  ထိုးနှံပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။