ကိုဗစ်-၁၉ ရောဂါကဲ့သို့သောရောဂါများအားစောင့်ကြည့်ရာတွင် အသုံးပြုသော ညွှန်းကိန်းတစ်ခုဖြစ်သည့် ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း R (Reproduction Number) နှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ကိုဗစ်-၁၉ ရောဂါကဲ့သို့သောရောဂါများအားစောင့်ကြည့်ရာတွင် အသုံးပြုသော ညွှန်းကိန်းတစ်ခုဖြစ်သည့် ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း R (Reproduction Number) နှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

လေ့လာချက်များအရ ၈၀ ရာခိုင်နှုန်းနီးပါးသော ကူးစက်မှုအဖြစ်အပျက်များသည် ၂၀ ရာခိုင်နှုန်းသော ပိုးတွေ့အတည်ပြုလူနာများကြောင့်ဖြစ်ပြီး ကိုဗစ်-၁၉   ရောဂါကူးစက် ပျံ့နှံ့မှုကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် အဆိုပါ ၂၀ ရာခိုင်နှုန်းသော ပိုးတွေ့လူနာများကို ကွင်းဆက်လိုက်နိုင်ခြင်းသည် အဓိကကျသည်။

သို့သော်လည်း နေ့စဉ်ကူးစက်မှုနှုန်းတစ်ခုတည်းကို  ကြည့်ခြင်းအားဖြင့် ဥကအဘမနေု ၏ ပြင်းထန်မှုကို အတိအကျပုံဖော်၍ မရနိုင်ပါ။ ကူးစက်ရောဂါဗေဒပညာရှင်များ အနေဖြင့် ကူးစက်မှုလားရာများနှင့် ဖြစ်ပေါ်တိုးတက်မှုနှုန်းတို့ကိုလေ့လာရာတွင် အချက် နှစ်ချက်ကို အဓိကထား၍လေ့လာကြသည်ကို တွေ့ရှိ ရသည်။ ထိုနှစ်ချက်မှာ အခြေခံပွားများမှုနှုန်း (R0)နှင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသောပွားများမှုနှုန်း (Rt) တို့ဖြစ်သည်။ ထိုနှုန်းထားနှစ်ခုကို နားလည်သဘော ပေါက်အောင်လေ့လာခြင်းအားဖြင့် အစိုးရအတွက်   လိုအပ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာလုပ်ထုံးလုပ်ငန်းများနှင့် ဆေးရုံဆေးခန်းနေရာ လောက်င အောင်ပြင်ဆင်မှုများကို ကြိုတင်ဆောင်ရွက်နိုင် သည်။

၂၀၂၁ ခုနှစ် မေလ ၂၆ ရက်တွင် ဟောင်ကောင် ၌ ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါပိုး၏    Rt နှုန်းသည် နှစ်နှစ်နီးပါးရှိလာခဲ့သည့်အတွက် မကြာမီတွင် Outbreak ဖြစ်တော့မည့် အလားအလာရှိနေကြောင်း ကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခဲ့သည်။

R ၏ မူလအစ

R ကို လွန်ခဲ့သောရာစုနှစ်ခန့်ကစ၍လူဦးရေတိုးပွားမှု    တိုင်းတာရာတွင် စတင်အသုံး ပြုခဲ့သည်။ လူဦးရေတိုးပွားမှု ရှိ၊ မရှိကို သိရှိရန်အတွက် R ဖြင့် တိုင်းတာသည်။  ကူးစက်ရောဂါဗေဒတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သော်လည်း R  သည် လူဦးရေတစ်ခုအတွင်းပျံ့နှံ့မှု နှုန်းကိုသာ တိုင်းတာနိုင်သည်။ ဤတိုင်းတာနည်းသည် ရောဂါကူးစက်မှု  စောင့်ကြည့်လေ့လာသူများအား  ကူးစက်မှုပမာဏကို တွက်ချက်ရာ တွင် အသုံးဝင် သော်လည်း ကူးစက်မှုမြန်နှုန်းမြင့်လာခြင်းကို မတိုင်း တာနိုင်ပါ။

တစ်နိုင်ငံလုံးရှိ လူဦးရေတစ်ခုလုံးကို ပုံမှန်စမ်းသပ်မှု  မပြုလုပ်နိုင်သရွေ့ ကပ်ရောဂါ ဗေဒပညာရှင်သည်လည်း R ဂဏန်းကို တိုက်ရိုက်တိုင်းတာနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ခန့်မှန်းခြေသာပြုလုပ်နိုင်သည်။ ကူးစက်မှု စောင့်ကြည့်သူများသည် လက်ရှိနှင့် ယခင်ကကူးစက်ခံရ မှုကေစ့်များနှင့်သေဆုံးမှုများကိုကြည့်ပြီး ကူးစက်မှု ဂဏန်းကို ခန့်မှန်းတွက်ထုတ်ရသည်။ ထိုဂဏန်းသည်  ကူးစက်မှု၏လားရာကိုပြသပြီး ထိုမှတစ်ဆင့် R ဂဏန်း ကို ဆက်လက်တွက်ချက်သည်။

အခြေခံပွားများမှုနှုန်း(R0) နှင့်  အချိန်နှင့်အမျှဖြစ်ပေါ်နေသောပွားများမှုနှုန်း (Rt)ဆို သည်မှာ အဘယ်နည်း။

အခြေခံမျိုးပွားမှုနှုန်း (R0)

          R0 ကို အာရ်နော့ထ် ဟု အသံထွက်သည် R0 ဆိုသည်မှာ ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်  ကန့်သတ်မှုများမဆောင်ရွက်လျှင် ကူးစက်ခံထား ရသူတစ်ဦးသည် နောက်ထပ် လူဦးရေမည်မျှကို ထပ်မံကူးစက်နိုင်ကြောင်းကိုဖော်ပြသည့် ကိန်း ဂဏန်း ဖြစ်သည်။ ဤဂဏန်းသည် ရောဂါဖြစ်ပွား စေနိုင်သည့် ဇီဝသက်ရှိအားလုံးတွင် အကျုံးဝင်ပြီးသားဖြစ်သော်လည်း ပြန့်ပွားသောအရပ်ဒေသရှိ လူဦးရေသိပ်သည်းမှုနှင့် လူတစ်ဦးနှင့်တစ်ဦးကြား   ထိစပ်မှုအလေ့အထပုံစံတို့ကဲ့သို့သော ပတ်ဝန်းကျင် အနေ အထားအရပ်ရပ်ပေါ်တွင် မူတည်၍ အပြောင်းအလဲများရှိနိုင်သည်။

          ကိုရိုနာဗိုင်းရပ်ရောဂါပိုး  မျိုးကွဲအသစ်(Delta)၏ R0 သည် ၅-၈ ရှိသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ကူးစက်ခံထားရသူတစ်ဦးချင်းစီတိုင်းသည် နောက်ထပ် လူ ငါးဦးမှ ရှစ်ဦးထိကို အသီးသီးထပ်မံကူးစက်နိုင်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်မှုအစီအမံများကို ဆောင်ရွက်သင့်ကြောင်း သတိပေးနေသည့် သဘောဖြစ် သည်။

အချိန်နှင့်အမျှဖြစ်ပေါ်နေသောပွားများမှုနှုန်း (Rt)

Rt ဆိုသည်မှာ သတ်မှတ်ထားသည့်အချိန်တစ်ခုတွင် ကူးစက်ခံထားရသူတစ်ဦးမှ ထပ်ဆင့်ကူးစက် ခံရမှုများ၏ ပျမ်းမျှနှုန်းဖြစ်သည်။  ဤဂဏန်းသည် Outbreak ဖြစ်ပွားမှုအလိုက်   အမျိုးမျိုးကွဲပြား ခြားနားချက်ရှိနိုင်ပြီး လက်ရှိကူးစက်မှုနှုန်းကို ညွှန်ပြ နေသည့် ဂဏန်းများဖြစ်သည်။   ကွာရန်တင်း ကြပ်မတ်ဆောင်ရွက်မှု၊ Mask ဝတ်ဆင်မှု၊ ခရီးသွားမှုကန့်သတ်မှုများ၊ ကျောင်းများယာယီပိတ်ထားခြင်းများ၊ Social Distanceing များ စသည့်ကျန်းမာရေးဆိုင်ရာ အစီအမံများနှင့် နေထိုင်သွားလာမှုပုံစံ အပြောင်းအလဲ များကို ထိရောက်စွာ ဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ဗိုင်းရပ်တစ်ခု၏  Rt ကိန်းဂဏန်းသည်လည်း အပြောင်းအလဲရှိနိုင်သည်။  ထို့ကြောင့် နိုင်ငံများအနေဖြင့် Rt ကို ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်သည့်ညွှန်းကိန်းအဖြစ်လည်း အသုံးပြုကြ သည်။

Rt သည် လတ်တလောကူးစက်မှုကို မည်သို့ပြညွှန်းနေပါသနည်း။

Rt >1    Rt သည် 1 အထက်တွင် ရှိနေလျှင်

ကူးစက်ခံရသူ တစ်ဦးချင်းစီတိုင်းသည် နောက်ထပ်လူတစ်ဦးနှင့်အထက်ကို အသီးသီး ထပ်မံကူးစက်ပါလိမ့်မည်။ ထပ်ဆင့် ကူးစက်မှုများ ထပ်မံဖြစ်ပွားလျှင် ကူးစက်မှုနှုန်းသည်လည်း မြင့်တက်လာ နိုင်သည့် အလားအလာရှိနေပြီး ရောဂါသည်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာမည် ဖြစ်သည်။ 

Rt = 1   Rt သည် 1 နှင့် ညီနေလျှင်

          ကူးစက်ခံထားရသူ တစ်ဦးချင်းစီတိုင်းသည် နောက်ထပ်လူတစ်ဦးသို့ အသီးသီး ထပ်မံကူးစက် လိမ့်မည်ဖြစ်သည်။ စာရင်းဇယားအားဖြင့် အသစ် ကူးစက်ခံရသူတစ်ဦး သည်   ကူးစက်ခံရရာမှ ပြန်လည်သက်သာလာသူ   သို့မဟုတ် ဆုံးပါးသွားသူတစ်ဦး နေရာတွင် အစားထိုးရေတွက်ရမည့်သူဖြစ်လာသည့်သဘောဖြစ်သည်။ ဆိုလိုသည်မှာ ဥကအဘမနေု ဖြစ်ပွားမှုနှုန်းသည် လျော့သွားခြင်းမရှိ၊ တိုးလာခြင်းမရှိ တစ်ပြေးညီ ဖြစ်နေခြင်းဖြစ်သည်။

Rt < 1     Rt သည် 1 အောက် လျော့နေလျှင်

          ကူးစက်ခံထားရသူ တစ်ဦးချင်းစီတိုင်းသည် နောက်ထပ်လူတစ်ဦးအောက် ကိုသာ ပျမ်းမျှအားဖြင့် ပြန်လည်ကူးစက်နိုင်ခြေရှိပါလိမ့်မည်။ ထိုဂဏန်းကို အချိန် နှစ်ပတ်သုံးပတ်ကြာအောင် ထိန်းထား နိုင်မည်ဆိုလျှင် ဥကအဘမနေု သည်လည်း အချိန် ကြာလာသည်နှင့်အမျှနှေးသွားပြီး ကူးစက်မှုနှုန်း လျော့ကျသွား လိမ့်မည် ဖြစ်သည်။

Rt သည် ၁ အောက်ရောက်နေလျှင် Outbreak သည်လည်း ပြီးဆုံးသွားပြီဟု ယူဆ နိုင်ပါသလား။ Rt သည် 1 အောက်ကျနေသည်ဆိုသော်လည်း ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများကို ချက်ချင်းရုပ်သိမ်းရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ Rt နှုန်း အပြင် အတည်ပြုလူနာအရေအတွက်၊ လူဦးရေ အချိုးအစားနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နိုင်စွမ်းအခြေအနေများကိုလည်း ထည့်သွင်းတွက်ချက် ရဦးမည်ဖြစ်သည်။

ဥပမာအားဖြင့် လူဦးရေ ၁၀ သန်းရှိသည့် ဒေသတစ်ခုတွင် နေ့စဉ်အတည်ပြုလူနာသစ် ဆယ်ဂဏန်းရှိနေပြီး ထိုလူဦးရေ၏ Rt သည် 1 နှင့် ညီမျှနေသည် ဆိုလျှင် အဆင်ပြေ ပါသည်။ သို့သော် နေ့စဉ်ကူးစက်မှုနှုန်းသည် ရာဂဏန်း ထောင်ဂဏန်း သောင်းဂဏန်း ဖြစ်နေပြီး Rt နှုန်းသည် 1 နှင့် ညီမျှနေသည်ဆိုလျှင် Outbreak ပိုဆိုးနိုင်သည့် အလား အလာဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သင့်သည်။ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို Rt ဂဏန်းကို နည်းနိုင်သမျှနည်းအောင်   သတိဝီရိယရှိစွာဖြင့် ဆက်လက်ထိန်းသိမ်းနိုင်မှသာ ဥကအဘမနေုကို ထိန်းချုပ် နိုင်မည်ဖြစ်သည်။

Rt ဂဏန်းများတွင် မတွေ့နိုင်သည့်အခြေအနေ တစ်ခုမှာ လူအများသည် အခြား သူများကို အမြဲတမ်းမကူးစက်နိုင်သော်လည်း      ပိုးဖြန့်နှုန်းမြင့်သူ (Superspreaders) များသည် ပျမ်းမျှနှုန်းထက် ပို၍ ရောဂါဖြန့်နိုင်သည်ကို တွေ့ရှိရသည်။  ပိုးဖြန့်နှုန်း မြင့်သူများဆိုသည်မှာ ဘုရားကျောင်းများ၊ ဘုရားကျောင်းသီချင်းဆိုခြင်း၊ နိုက်ကလပ် နှင့် မွေးနေ့ပွဲများ ကဲ့သို့သော လူစုလူဝေးများသောနေရာများ၊ ပိုမိုကူးစက် ရန်လွယ် ကူသည့်  အဆောက်အဦအတွင်းကျင်းပသည့် Indoor  ပွဲများကို  သွားရောက် လည်ပတ်ရန် နှစ်သက်သူများကိုဆိုလိုသည်။  ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသော ကူးစက်ခံထားရသူများသည် နောက်ထပ် ၈၀ ရာခိုင်နှုန်းသောကူးစက်မှုအသစ်များကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် Indoor ပွဲလမ်း သဘင်များကိုပိတ်ပင်ခြင်းသည်  Rt ဂဏန်း 1 ဖြစ်သည့်နေရာများတွင် တွေ့ရာအကုန်ပိတ်ပင်တားမြစ် နေခြင်းထက် ပို၍ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။             

နိုင်ငံများအနေဖြင့် ကျောင်းများပြန်ဖွင့်နိုင်ရန် ပြင်ဆင်ရာတွင် Rt ကို ထည့်သွင်း စဉ်းစားရုံသာမကဘဲ ထိုဝန်းကျင်တစ်ဝိုက်ရှိ အမှန်တကယ်ကူးစက်သူဦးရေ တစ်နည်း အားဖြင့် နေ့စဉ်ပိုးတွေ့ရှိမှုအရေအတွက် ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ဥပမာ  ဒိန်းမတ်နှင့် UK တို့သည်  Rt နှုန်းတူသည်ဟု ဆိုကြပါစို့။   သို့သော်လည်း နေ့စဉ် ပိုးတွေ့ရှိမှုအရေအတွက်အားဖြင့် ဒိန်းမတ်သည် UK ထက်  ၁၀ ဆ ပိုနည်းသည့်အတွက် ကျောင်းများပြန်ဖွင့်ရန် ပို၍လုံခြုံမှုရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ Rt မှာ ၁ အောက် လျော့နည်းလျက်ရှိရာ ကူးစက်မှုအား   ထိန်းချုပ်လာနိုင်သည့် အနေအထားဟုဆိုနိုင်သည်။ သို့ရာတွင် ကူးစက်မှုများကို အုပ်စုခွဲ၍စောင့်ကြည့်ခြင်းနှင့် လူအများအားဆေးစစ်ခြင်း၊   ထိစပ်မှုရာဇဝင် လိုက်ခြင်း နှင့် ကူးစက်ခံရသူများကို သီးခြားခွဲထားရန်တို့အတွက်ကောင်းမွန်ပြီး စနစ်ကျသည့် စနစ်များ (Quaratine) ထားရှိဆောင်ရွက်ခြင်းတို့မှာ  Rt  ဂဏန်းများကို ထိုင်ကြည့် ခြင်းထက် များစွာပို၍အရေးကြီးပါကြောင်း  သုံးသပ်တင်ပြအပ်ပါသည်။   ။