ဟုမ္မလင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ဆား၊ ပဲ အမယ် ၄ မျိုးနှင့်စားသောက်ဖွယ်ရာများပေးအပ်

ဟုမ္မလင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ဆား၊ ပဲ အမယ် ၄ မျိုးနှင့်စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ  - ၁၁
    
တပ်မတော်အနေဖြင့်  COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားသောက် ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်သည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့်မိသားစုဝင်များအတွက် ဆန် ၆၀၀ ပြည်၊ ဆီ ၂၅ ပိဿာ၊ ဆား ၂၀ ပိဿာ၊ ပဲ ၃၅ ပိဿာနှင့် ကြက်ဥ ၃၀၀ လုံးတို့ကို ပေးအပ်လှူဒါန်းရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။
    
ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။