တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၈
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီ လိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ သီရိဟံသာကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ ဓမ္မသစ္စာကျောင်းတိုက်၊  မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာရှိ သရဂ္ဂါရာမ ကျောင်းတိုက်၊ သိမ်ဇရပ်မြို့ရှိ ညောင်ငါးလီတပ်ဦးကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာရှိ အောင်သိဒိ္ဓကျောင်းတိုက်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သုံးတိုင်ကျေးရွာရှိ ဗုဒ္ဓအေးရိပ် ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်ရှိ ညောင်ရေ သွန်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင် များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
    
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိ ယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။