တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား မော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန် အောက်တိုဘာ- ၉

ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ အား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်းမှ ဆေးတစ် လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးများအားမန္တလေးမြို့သို့ကာကွယ်ဆေး အလုံးပေါင်း ၁၂၀၀၀၀ လုံး၊ နေပြည်တော်ကောင်စီနယ်မြေသို့ကာကွယ်ဆေးအလုံး ပေါင်း ၂၈၅၇၂ လုံး၊ မုံရွာမြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၃၀၂၀၀ လုံးနှင့် တောင်ကြီး မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၃၈၀၄၅ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဖြူးပေးသောကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဉီးတည်အုပ်စုလူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်။ ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့ဧ။် အကူအညီ များရယူကာလေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။