စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ အောက်တိုဘာ - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ စန္ဒာ ရုံကျောင်းတိုက်၊ အိမ်မဲမြို့ ရှင်ပင်ချမ်းသာကြီးဘုရားရွှေကျောင်းတော်နှင့် ကျိုက်လတ်မြို့ ဇေတဝန်ကျောင်းတိုက်များ၌ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဘရားရင်ပြင်တော် နှင့် ဘုန်းတော်ကြီးကျောင်းများပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်နှင့် အမှိုက်များရှင်းလင်းခြင်းများကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။