ညောင်ဦးခရိုင်အတွင်းရှိ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ကြည့်ရှု စစ်ဆေး

ညောင်ဦးခရိုင်အတွင်းရှိ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ - ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်း အား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
    
ဦးစွာ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံ ကြည့်ရှု စစ်ဆေးကြသည်။
    
လက်ပံခြေပေါ်မြစ်ရေတင်စီမံကိန်းသည် ၁၉၉၅ ခုနှစ်တွင်စတင်လက်ပတ်ခဲ့ပြီး ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးဧက ၁၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေလျှက်ရှိပြီး ယခုတည်ဆောက်လျက်ရှိသည့် လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းပြီးဆုံး ပါက မြစ်ရေတင်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။