ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၄၄၈  ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၄၄၈  ဦးထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၉

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၈-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၉-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း  ၁၉၆၃၁ ခု အား စစ်ဆေးပြီးစီးခဲ့ရာ   ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၄၄၈ ဦး တွေ့ရှိရသည်။ 

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိ မှုရာခိုင်နှုန်းမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၄၈၈၈၂၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၇၇၃၃၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၉၉၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃ဝ၁၇၂ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၆ ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၁ဝ၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။