ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃၁၈   ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃၁၈   ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ ၁ဝ

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်- ၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၉-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁ဝ-၁ဝ-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း ၁၅၂၆၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုလူနာသစ် ၁၃၁၈ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅ဝ၄ဝ၉၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၇၈၆၅၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁ဝ၃ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃၁၂၇၅ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃ဝ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၁၃၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၉-၁ဝ-၂ဝ၂၁ ရက်အထိ လူဦးရေစုစုပေါင်း ၉၉ဝဝ၈၂၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၄၁၁၂၇ဝ၇ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီး သူ ၅၇၈၈၁၁၆ ဦးရှိပြီဖြစ်သည်။ သို့ဖြစ် ပါ၍ ၉-၁ဝ-၂ဝ၂၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၄ဝ၁၃၅၃ဝ ကြိမ် ထိုးနှံပြီးဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။