အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နဲ့ကားသမားတစ်ယောက် CDM  လုပ်သွားသည်ဟူ၍ မဟုတ်မမှန်သတင်း ထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား

နေပြည်တော် အောက်တိုဘာ ၁ဝ

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက    မိမိတို့အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၏  PSO  နဲ့ကားသမားတစ်ယောက်   CDM  လုပ်သွားသည်ဆိုပြီး ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ထုတ်လွှင့်နေတာရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများကလည်း ဝိုင်းဝန်းမေးမြန်းလာသည့်အတွက် ပြောကြားရခြင်း ဖြစ်ကြောင်း၊ ၎င်းသတင်းသည် မမှန်ကန်ပါကြောင်း၊ မိမိတို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO  နဲ့ကားသမားတို့က   သူ့တာဝန်နဲ့သူ  တာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုနေရာမှာ လွန်ခဲ့သည့် တစ်လလောက်က ဆက်သွယ်ရေး တပ်ဖွဲ့မှ စစ်သည်တစ်ယောက် ခွင့်မဲ့ပျက်ကွက်ဖြစ်သွားသည့် ဖြစ်စဉ်လည်း ရှိကြောင်း ဖြေကြားသည်။