ထားဝယ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေစုပ်ပန့် ချို့ယွင်းမှုဖြစ်ပေါ် ခဲ့သည့် ငါးကဲ့လှေ တစ်စီးအား ကူညီကယ်ဆယ် 

ထားဝယ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေစုပ်ပန့် ချို့ယွင်းမှုဖြစ်ပေါ် ခဲ့သည့် ငါးကဲ့လှေ တစ်စီးအား ကူညီကယ်ဆယ် 

နေပြည်တော်၊ အောက်တိုဘာ - ၁၁
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ထားဝယ် စွန်း၏ တောင်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာသို့အရောက်၌ ရေစုပ်ပန့်ချို့ယွင်းမှုဖြစ်ပွား ၌ ရေများ ဝင်ရောက်လျက်ရှိသည့် သိန်းထိုက်ကျော်(၁၈)အမည်ရှိ ငါးကဲ့လှေ ကို ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
    
အဆိုပါ ငါးဖမ်းစက်လှေသည် မြိတ်မြို့၊ စက်ဝန်းရပ်ကွက်၊ သိင်္ဂီ(၂)လမ်းနေ ဦးထွန်းရီ ပိုင်ဆိုင်သော လှေဖြစ်ပြီး ရေဝင်ရောက်လျက်ရှိသော အဆိုပါလှေအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ရေစုပ်စက်များဖြင့် ကူညီရေစုပ်ထုတ်ပေးခြင်း၊ လှေသား ၉ ဦးကို ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းတို့ကို ကူညီ ဆောင်ရွက်ပေးသည်။ 

အဆိုပါ လှေသားများအား သက်ဆိုင်ရာ မြို့နယ်များသို့ ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။