ဇေယျာသီရိမြို့နယ်အတွင်းရှိ တပ်မတော်ဆေးရုံများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

ဇေယျာသီရိမြို့နယ်အတွင်းရှိ တပ်မတော်ဆေးရုံများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၁၁

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီမြို့နယ်အတွင်းရှိ တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)နှင့် တပ်မတော်သားဖွားမီးယပ်နှင့်ကလေးဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။