ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်း၊ ဝမ်ဟတ်၊ ကာလိနှင့် ဝမ်ပန်မြို့ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ခရေရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။