ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့်      သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)  ဗိုလ်လောင်း လျှောက်လွှာများအား  ၁-၉-၂ဝ၂၁  ရက်နေ့မှစ၍ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် တိုင်းစစ်ဌာနချုပ်များတွင်   အခမဲ့ ထုတ်ပေးလျက်ရှိရာ   ၁၅-၁ဝ-၂ဝ၂၁  ရက်နေ့တွင်  လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့်  လျှောက်လွှာ ထုတ်ယူလိုသူများ  နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်    သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့်    လျှောက်လွှာ ထုတ်ယူထားသူများအနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာ ထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက် မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး(ဖုန်းနံပါတ် ဝ၃၆-၃ဝ၃၃၁၊ ဝ၃၆-၃ဝ၃၃၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)