ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၇၃ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၇၃ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၁၃

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်- ၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့်   အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၂-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၃-၁ဝ-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၁၈၈၆၁ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုလူနာသစ် ၁၅၇၃ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၈ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅၅၇၄၂၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၈၂၈ဝ၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၈၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃၅၃၆၁ ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၂၂၂ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁ဝ-၂ဝ၂၁)ရက်အထိ လူဦးရေစုစုပေါင်း၁ဝ၅၉၁၆ဝ၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၄၂ဝ၁၆၃ဝ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီး သူ ၆၃၈၉၉၇၉ ဦးရှိပြီဖြစ်သည်။ သို့ဖြစ် ပါ၍ (၁၂-၁ဝ-၂ဝ၂၁)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၄၇၉၃၂၃၉ ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။