ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(TICA)က ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ လှူဒါန်း

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(TICA)က ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၄

ကျန်းမာရေးဝန်ကြီးဌာန ကုသရေး ဦးစီးဌာန  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(TICA)က ကိုဗစ်-၁၉ ရောဂါရှာဖွေရေး ဆိုင်ရာ RT-PCR စက်(၂)စုံ၊ ဓာတ်ခွဲခန်းသုံး ဆေးရည်များနှင့် Negative Pressure Isolation Room (5) rooms  နှင့် Positive Pressure Isolation Chamber Swab Units (10) units  တို့အား လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး  (Royal Thai Embassy of Myanmar) မှ သံအမတ်ကြီး H.E. Mrs.Suphatra Srimaitreephithak ၊အမြဲတမ်းအတွင်းဝန် Ms. Chana Sindhvananda နှင့် ပထမအတွင်းဝန် Mr. Wuthikiat Chaicharna တို့ တက်ရောက်ခဲ့ပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ပါမောက္ခချုပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာကျော်ရွှေ၊ ပါမောက္ခချုပ်၊ ဆေး တက္ကသိုလ်(၁)၊ ရန်ကုန်၊ ဒေါက်တာသီတာလှ၊ ပါမောက္ခချုပ်။ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအယ်ထူးဖေနှင့် ဒေါက်တာ ဆွေဆက်၊ အထူးကု ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ   အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေး တင် က အဖွင့်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(TICA)မှ ယခုကဲ့သို့ ကူညီပံ့ပိုးမှုများ အပြင် အောက်ဆီဂျင် အရည်များ ထောက်ပံ့ပေးနိုင်မှု၊ ဆရာဝန်၊ သူနာပြုနှင့် ဓာတ်ခွဲပညာရှင်များ ထိုင်းနိုင်ငံ၌ ရက်တိုရက်ရှည် ဘာသာရပ်အလိုက် သင်တန်းပေးနိုင်မှု အခြေအနေများ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား  နယ်စပ်ချင်းထိစပ်နေသည့် တနင်္သာရီတိုင်း ဒေသကြီးတစ်လျှောက် ခုတင် ၅ဝ   မှ  ခုတင်  ၅ဝဝ အထိ ပြည်သူ့ဆေးရုံကြီးများတွင်   မီးစက် (Generators)များ ထောက်ပံ့ပေးနိုင်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆက်လက်၍ ရန်ကုန်မြို့၊ ဗဟိုဆေး သိုလှောင်ရေးဌာန (Central Medical Store Depot) ၌ အောက်တိုဘာ ၃ ရက်တွင် ရောက်ရှိသိမ်းဆည်းထားသော Negative Pressure Isolation Room (5) rooms နှင့် Positive Pressure Isolation Chamber - Swab Units  (10) units တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကာ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့မှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးထံသို့ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရသည်။