ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၁၄ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၁၄ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၁၄

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့်အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ  (၁၃-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၄-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၆၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၁၄ ဦး တွေ့ရှိရသည်။    ထို့ကြောင့်  ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု  ရာခိုင်နှုန်းမှာ ၈ ဒသမ၁ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၄၅၇၆၁၁၆ ခုအား   စစ်ဆေးခဲ့ပြီးကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၈၄၃၁၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၇၉ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃၆၆၄ဝ ဦးဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၃ ဦးရှိသဖြင့်ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၂၅၅ဦးရှိကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။