တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)သို့ အလှူငွေ နှင့် အစားအစာများ ကျွေးမွေးလှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)သို့ အလှူငွေ နှင့် အစားအစာများ ကျွေးမွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၈

ရန်ကုန်းတိုင်းဒေသကြီး၊ တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)ကို အများပြည်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်၊ တိရိစ္ဆန် ချစ်မြတ်နိုးသူများအစား အစာများ ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိခြင်းကြောင့် လာရောက်ကြည့်ရှုသူနည်းပါးပြီး တိရစ္ဆာန်များ အတွက် အစားအစာလုံလောက်မှုတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

တိရိစ္ဆာန်များ၏ အစားအစာလုံလောက်စေရေးတွင် အထောက်အကူဖြစ်စေရန် အတွက် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက အလှူငွေ ကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသီဟဖေ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကိုယ်စား တာဝန်ရှိသူများ က တိရိစ္ဆာန်ဉယျာဉ်ရှိ တိရိစ္ဆာန်များအား အစားအစာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။