ကချင်ပြည်နယ်ပိုက်ကျော်ခြင်း လိဂ်အကြို အမျိုးသား ၃ ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ကချင်ပြည်နယ်ပိုက်ကျော်ခြင်း လိဂ်အကြို အမျိုးသား ၃ ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၈

ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ကချင်ပြည်နယ်ပိုက် ကျော်ခြင်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်း လိဂ်အကြို အမျိုးသား ၃ ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့်အဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် မြစ်ကြီးနားမြို့၊ အံတော်ရှင်ကလပ်အသင်းနှင့် မိုးကောင်း(ခ) ကလပ်အသင်းတို့၏ ယှဉ်ပြိုင်စကားမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒိုင်းဆု ရရှိသည့် မိုးကောင်း(ခ)ကလပ်အသင်းတို့ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။