မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှုဖြစ်ပေါ် ခဲ့သည့် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှုဖြစ်ပေါ် ခဲ့သည့် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်စကိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ သစ်ပင်များလဲကျမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သစ်ပင်များလဲကျမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လဲကျသစ်ပင်များ အား ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။