ထိုင်းနိုင်ငံ၌ ကန့်သတ်ချက်များဖြေလျှော့ပေးရန် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံ၌ ကန့်သတ်ချက်များဖြေလျှော့ပေးရန် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူစေရန် နိုဝင်ဘာလမှစ၍ ကာကွယ် ဆေးထိုးပြီးသောခရီးသွားများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရန်အတွက် ကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလမှစ၍ ကာကွယ်ဆေးအပြည့် အဝထိုးပြီးသော ပြည်ပခရီးသွားများကို နိုင်ငံအတွင်းဝင်ထွက်ခွင့်ပြုရန် အစိုးရက စီစဉ်ထားသည်။

ပြည်ပမှခရီးသွားများဝင်ရောက်လာနိုင် ရေးအတွက် ထိုင်းအစိုးရက အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်းနီးပါးထိုး ပေးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါအခြေ အနေထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အစိုးရသည် ပြည်ပခရီးသွားများ အများ ဆုံးလည်ပတ်သည့် ဒေသများတွင် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ဖူးခတ်ကျွန်းတွင် ဒေသခံပြည်သူ ၇၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဘန်ကောက်မြို့တွင် ၆၉ ဒသမ ၇ ရာခိုင် နှုန်းအထိ ကာကွယ်ဆေးထိုးပြီးဖြစ်သည်ဟု ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့က ပြောသည်။ ထိုင်းအစိုးရသည် ယခုနှစ်အကုန်တွင် နိုင်ငံ၏လူဦးရေ သန်း ၇၀ နီးပါးအနက် ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ref: Xinhua