အာဆင်နယ်နှင့် အင်တာမီလန်အသင်းတို့က ရီးယဲလ်မက်ဒရစ်အသင်းမှ ရောင်းချရန်စီစဉ်နေသည့် ဂျူဗစ်ကို အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေ

အာဆင်နယ်နှင့် အင်တာမီလန်အသင်းတို့က ရီးယဲလ်မက်ဒရစ်အသင်းမှ ရောင်းချရန်စီစဉ်နေသည့် ဂျူဗစ်ကို အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေ

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်စီစဉ်နေသည့် တိုက်စစ် ကစားသမား ဂျူဗစ်ကို အာဆင်နယ်နှင့် အင်တာမီလန်အသင်းတို့က အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် ဂျူဗစ်သည် ဖရန့်ဖတ်အသင်း၌ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်က ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာများကြောင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။

ဂျူဗစ်သည် အသင်းဟောင်း ဖရန့်ဖတ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သော်လည်း ယခုနှစ် ကစားသမား အပြောင်း အရွှေ့ကာလကရီးယဲလ်မက်ဒရစ်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်  ရီးယဲလ်မက်ဒရစ်အသင်းက ဂျူဗစ်ကို လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မဖြစ်မနေရောင်းချရန်စီစဉ်နေသည့်အတွက် အာဆင်နယ် အသင်းအပြင် အင်တာမီလန်အသင်းကလည်း အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်နေခြင်းဖြစ်ပြီး အာဆင်နယ်အသင်းက အသင်းမှ ထွက်ခွာမည့် လာကာဇက်နေရာ၌ အစားထိုးလိုသည့်အတွက် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။    

Ref;AS